သံတောင်ကြီး စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် အသက်(၁၈)နှစ် အထက်နှင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင်ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် သံတောင်မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းအောင်၏ အနီးကပ်ကြီးကြပ်မှုနှင့်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ နေမင်း ကျော်ငြိမ်း ဦးဆောင်၍ကျန်းမာရေး ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ပရဟိတများက ကာကွယ်ဆေးထိုးနှံခြင်း ဆောင် ရွက်ရာ တွင်ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့်စုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့်ပြည်သူများ ၊ ဝန်ထမ်းများ ဝန်ထမ်း မိသားစုများ ၊ ဈေးသူ၊ဈေးသားများအား ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)