ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများနေ့စဉ်ဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့်  အသိပညာ​​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာ​ပေး နှိုးဆော်ရာတွင် ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အိမ်အတွင်း၌သာ အတတ်နိုင်ဆုံး နေထိုင်ကြရန်၊ မိမိအိမ်သို့ ဧည့်သည်များ လာရောက်ခြင်းနှင့် အခြားသူများထံသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ပြီး တစ်ဦးနှင့် တစ်ဦး ၆ ပေ ခွာ၍ ပြောဆိုဆက်ဆံရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်း မပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများနဲ့ တွေ့ဆုံပြီး ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင် တွင် စွန့်ပစ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး အား အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို  အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရေးကို  ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ​မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

နီနီဝင်း