ကျိုက်ဒုံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ကျန်းမာရေး ဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် အသက်(၅၅)နှစ်နှင့် အထက်ဦးစားပေး ထိုးသင့်သည့် မသန်စွမ်း၊ EAOs အဖွဲ့များ၊ သံဃာ့တော်များ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးသည် ကျိုက်ဒုံမြို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ (၅၀၀)ရရှိပြီး ဆေး(၁) လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများကို ကျန်းမာရေး ဌာနဝန်ထမ်းများနှင့် ကျိုက်ဒုံမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)