ရှားတော စက်တင်ဘာ ၂၀
ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် ဝင်ရောက်နေသူ (၄)ဦးအား Test Kit စစ်ဆေးရာ အမျိုးသား(၁)ဦး ကိုဗစ် Positive တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားနှင့် ၄င်း၏ ဇနီးဖြစ်သူသည် လွိုင်ကော်မြို့နယ်၊ နမ့်ကွတ် ရပ်ကွက်မှ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ရောက်ရှိလာပြီး ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre သို့ ဝင်ရောက်စေခဲ့ရာ ယမန်နေ့(၁၁:၃၀)နာရီအချိန်တွင် Test Kit စစ်ဆေးချက်အရ အမျိုးသား(၁)ဦး ပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ (၁)ဦးနှင့်အတူ Quarantine Centre ဝင်နေသူ(၃)ဦးအား ပြည်နယ် ကျန်းမာရေးမှူး၏ ညွှန်ကြားချက်အရ ယမန်နေ့(၁၃:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ပိုးတွေ့လူနာနှင့် ထိတွေ့သူများကို ရှားတော မြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)