ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ကွန်ဟိန်း         စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ()ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း  ယမန်နေ့ ညနေ(:၀၀)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီထံမှ သိရသည်။

ဖြစ်စဉ်မှာ   ကွန်ဟိန်းမြို့၊ နမ့်ပန်လမ်း၊ အမှတ်()ရပ်ကွက်နေ အမျိုးသမီး()ဦးနှင့် ပြည်ထောင်စုလမ်း၊ အမှတ်()ရပ်ကွက်နေ အမျိုးသမီး()ဦးတို့သည်  ဖျားနေခြင်းကြောင့် မွန်းလွဲ(:၃၀အချိန်ခန့်တွင် ကွန်ဟိန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ရောက်ရှိလာသဖြင့် Test Kit ဖြင့်စစ်ဆေးမှုခံယူခဲ့ရာ ၎င်းတို့()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ခဲ့ပါသည်။၎င်းတို့နှင့်ထိတွေ့ ဆက်စပ်ခဲ့သူ ()ဦးအား Test Kitဖြင့်စစ်ဆေးခဲ့ရာ အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦး စုစုပေါင်း()ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ခဲ့ပြီး၊ ကျန်အမျိုးသမီး()ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိ(မတွေ့ရှိ)ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ()ဦးသည် ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံ အထူးကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်ပိုးမတွေ့ရှိသူ()ဦးအား မိမိနေအိမ်၌ Stay at Home နေထိုင်စေ၍ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကိုလည်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည့်(ကွန်ဟိန်း)