မိုးညို စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် mask များ အခမဲ့ဖြန်ဝေပေးခြင်းများကို ယနေ့ နံနက် ၈ နာရီမှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်ကြစေရန်၊ မြို့နယ်အတွင်း အသက် ၅၅ နှစ်မှ ၅၉ နှစ် အထက် ပြည်သူများ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း(mask)အခမဲ့ ဖြန့်ဝေပေးခြင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေး နိုင်ငံသား စိစစ်ရေးကတ် လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုများအား အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စန္ဒာလင်း(ပြန်ဆက်)