ကျောက်တော်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၇၀) ရာခိုင်နှုန်းပြီးစီး
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ကုသရေးနှင့်အခြားသော ကျန်းမာရေး ဆိုင်ရာရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသနေရသူများအတွက် မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေအနေမှာ ယမန်နေ့ နံနက်ပိုင်းအထိ စက်ရုံ တည်ဆောက်ပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။