ကလေးဝ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ မိဘပြည်သူ များအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ ကိုင်းကျေးရွာ၊ သက္ကယ်ကျင်း ကျေးရွာ၊ ချင်းချောင်းကျေးရွာတို့ရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
ကလေးဝမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm(BIBP) အလုံးရေ ၈၀၀ ခွဲတမ်းရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် လူဦးရေ ၅ ဦးနှုန်းဖြင့် လူဦးရေ ၄၀၀၀ ဦးအား ထိုးနှံပေး သွားမှာဖြစ်ရာ မိဘပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် ကလေးဝမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာ သတ်မှတ်၍ ၅ ရက်နှင့်အပြီး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)