ငွေဆောင်မြို့တွင် လျှပ်စစ်ဓါတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများဆောင်ရွက်

ငွေဆောင် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ပြည်သူများလျှပ်စစ်ဓါတ်အားပြည့်ဝစွာအသုံး ပြုနိုင်ရေး၊ လျှပ်စစ်ဓါတ်အား လျော့နည်း ပျောက်ဆုံးမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ငွေဆောင်မြို့၊ ၁၁ကေဗွီလိုင်းမြို့တွင်း ဖီဒါ၊ မြို့ပတ်လမ်းတစ်လျှောက် သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း နှင့်လျှပ်စစ်ဓါတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ငွေဆောင်မြို့လျှပ်စစ်ဦးစီးမှူး ဦးစောထွန်းဦးမှ ဦးဆောင်၍ လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ် ဓါတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း၊ လျှပ်စစ်ဓါတ်အားလိုင်းနှင့်ထိစပ် လျှက်ရှိသောသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

မူမူ ( ငွေဆောင်)