ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် ပင်စင် လစာငွေများ ထုတ်ပေးလျက်ရှိ

ပေါင် စက်တင်ဘာ  ၂၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၉ နာရီက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉‌ရောဂ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းဦးရေ(၁၇၀၀)ကျော်ရှိသဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် အုပ်စုများ ခွဲခြားသတ်မှတ်ကာ အလှည့်ကျစနစ်ဖြင့် ထုတ်ပေးကြောင်း၊ သက်ကြီးအငြိမ်းစား ဝန်ထမ်းများ အတွက် နားနေရန်နေရာ သတ်မှတ်ပေးထားကြောင်း၊ ဘဏ်ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်းတို့ ဆောင်ရွက်ကြောင်း၊ ပင်စင်လစာများကို စက်တင်ဘာ(၂၁)ရက်မှ (၂၉)ရက်အထိ ဘဏ်ဖွင့်ချိန်အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)