မှော်ဘီ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်က လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မိမိတို့နိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသော ကိုဗစ်-၁၉ရောဂါကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှု ဖြစ်နေသဖြင့် လူအများဒုက္ခဆင်း ရဲမှုများဖြစ်ကြပြီး သေဆုံးမှုမြှင့်မားလျက် ရှိပါတယ်၊ ထို့သို့ကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဒီရောဂါ ဆိုးကြီးကိုလျှင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ။ သို့မှာသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ် နိုင်မှဖြစ်ပါတယ်၊ မိဘပြည်သူများအနေဖြင့် မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန် ဖြစ်ပါတယ်၊ မဖြစ်မနေအရေး ကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြပါ ၊အခြားသူများနှင့်အနည်း ဆုံးခြောက်ပေ အကွာမှခပ်ခွာခွာနေပါ ၊ Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ကြရန်၊ လူစုလူဝေးဖြင့် သွားလာခြင်းကိုရှောင်ကြပါ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ ၊ လက်ကိုမကြာခဏဆေး ကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကိုပွတ်သပ်ခြင်း ကိုင်တွယ် ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင် လေထွက်မကောင်း သောအခန်းများကို ရှောင်ပါ ၊ မိမိတို့ နေအိမ်များကို ပြူတင်းပေါက်တံခါးများ ဖွင့်ပြီးလေဝင်လေထွက် ကောင်းအောင်လုပ်ကြပါ ၊အပြင်ထွက် ရာမှပြန်လာတိုင်းဖြစ်စေ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင်စွန့်ပစ်ပါ ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ် ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊ သွေးတိုး ၊ နှလုံး ရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါ သည်။ အကယ်၍မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရပ်ကွက်/ကျေးရွာများအရောက် နေ့စဉ်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက် နေကြောင်း သိရသည်။
ကောင်းမြတ်သူ