မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း(၇၃) ရာခိုင်နှုန်းပြီးစီး

မြို့သစ် စက်တင်ဘာ ၂၂       

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင်(၉၀' ×၃၀') RCC(၂)ထပ် ကျောင်းဆောင်သစ်ကို မေလဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါတွင် (၇၃) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ (၉၀'×၃၀') RCC(၂)ထပ် ကျောင်းဆောင်သစ်တည် ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေကျပ် (၁၃၃ ဒသမ ၃၈)သန်းဖြင့် တင်ဒါအောင်မြင် သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေး စစ်ကော်မတီ၊ ပညာရေး ဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ယခုအခါ(၇၃)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)