လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

လှိုင်းဘွဲ စက်တင်ဘာလ ၂၂

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက်ပိုင်းက ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၈၀၀)ဦးခန့်ရှိပြီး ပင်စင်လစာများကို ယမန်နေ့က စတင်ထုတ်ပေးခဲ့ရာ အဆိုပါ ပင်စင်လစာများကို ထုတ်ပေး ရာတွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံမှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွန်ချက်နှင့်အညီ  ပင်စင်လစာ များကို တစ်ရက်တည်းသာ ထုတ်ပေးထားခြင်းမဟုတ်ဘဲ စက်တင်ဘာလ(၂၁)ရက်နေ့ နောက်ပိုင်း ဘဏ်ဖွင့် သည့် ရက်များတွင်လည်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။