ဝန်းသို စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်းမြို့မကျောင်းဓမ္မာရုံတွင် ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၇၅ ဦးကို (ပထမဆေးခွဲတမ်း Sinopharm ဆေးအလုံးရေ ၁၁၈၀ လုံး)မှ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ယနေ့ချိန်ထိ ပြည်သူ ၃၉၈၅ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒုတိယဆေးခွဲတမ်းရရှိထားသည့် ဆေးအလုံးရေ ၁၀၀၀ အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဆေး ၁၃၆ လုံးကို၊ ပြည်သူ ၆၈၀ ဦးအားထိုးနှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ဆေးအလုံးရေများကို စက်တင်ဘာ ၂၃ ရက်နေ့ ဦးအောင်မြတ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုကူညီရေး အဖွဲ့များက ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင်