ကျောက်တလုံးကြီးမြို့၌ဒုတိယနေ့အဖြစ်Covid-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင်Covid-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၅၅)နှစ်အထက်ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါရှိသူများအားယနေ့နံနက်၉နာရီခန့်ကကျောက်တလုံးကြီးမြို့ (အ.ထ.က)၌ Covid-၁၉ ရောဂါကာကွယ်ဆေး ကိုဒုတိယနေ့အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိသည်။