ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ကလေး စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများ (Sinopharm) ဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့် သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော် ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ သတ်မှတ်အုပ်စုများတွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အသက် ၅၅ နှစ်နှင့် ၆၄ နှစ် အတွင်းရှိပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို စက်တင်ဘာ ၂၁ ရက်မှစ၍ စက်တင်ဘာ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း ထိုးနှံးပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ် စုပေါင်းရုံတွင် ညောင်ပင်သာရပ်ကွက်၊ မြို့သာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာ ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကို လည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်တို့သည် သက်ဆိုင်ရာရပ်ကွက် စုရပ်များတွင် မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်းအား ယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ် ဆေးများ ထိုးနှံနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

မောင်ကျော်(ပြန်/ဆက်)