ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ပြီး အမှတ်-၅ ရပ်ကွက်ရှိ ရွှေစည်းခုံစေတီတော် ဝတ္တကနယ်မြေအတွင်းရှိ ဝေဇယန္တာဗိမ္ဗာန် တော်ကြီးတွင်စတင် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ပထမအကြိမ်ထိုး နှံခြင်းအား ဇူလိုင် ၃၁ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းအား ၁၁၃၄၅ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်ကြီး ဝတ္တကနယ်မြေ ဝေဇယန္တာ ဗိမာန်တော်ကြီးတွင်လည်းကောင်း၊ ပုဂံမြို့အခြေခံပညာ အထန်းတန်းကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ်ပြည်သူ့ ဆေးရုံကြီးနှင့် တောင်ဇင်းအခြေခံပညာ အထက်တန်းကျောင်းတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ဆေးခွဲတမ်း ၃၅၉၈ လုံးရရှိပြီး လူဦးရေ ၁၇၉၉၀ဦးထိုးနှံပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးပေးခြင်းအား အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ ရဟန်း/ သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ဆေးထိုးခြင်းအား အသက် ၅၅ နှစ်မှ ၅၉ နှစ်အတွင်းနှင့် အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်အထက် သက်ကြီး အဘိုးအဘွားများအားကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးသည့် မိဘပြည်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD