မင်းတုန်း စက်တက်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် ဇူလိုင်လအတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး First Phase တွင် ပထမအကြိမ် ထိုးနှံပေးပြီး အကြောင်း အမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုင်တားကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း(၁)နှင့် ဝန်ထမ်းများက ကျန်းမားရေး ဝန်းထမ်းများနှင့် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)