ညောင်ရွှေ ဇူလိုင် ၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့တွင် သစ်တောဦးစီးဌာနှင့် AGD Bank မိသားစုတို့ပူးပေါင်း၍ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအုပ်စု၊ မိုင်းသောက်ရေထွက်တော၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဇမ်ဆွမ်းခိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာရှစိမ်းလမ်းဖွံဖြိုးမှုဘဏ် (AGD Bank) ညောင်ရွှေဘဏ်ခွဲမန်နေဂျာ ဦးအောင်ကျော်ထွန်းနှင့် ဝန်ထမ်းများမှ မယ်ဇလီပျိုးပင် (၂၀၀)ပင်၊ ရေသင်းဝင်ပျိုးပင် (၁၀၀)ပင်၊ မကျည်းပျိုးပင် (၁၀၀)ပင်၊ သစ်ဖြူပျိုးပင် (၁၂၀)ပင်၊ မဟော်ဂနီပျိုးပင် (၆)ပင်၊ စုစုပေါင်း ပျိုးပင် (၅၂၆)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ