ထန်းတပင်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် (Quarantine Centre) သို့ တာဝန်ရှိသူ များကွင်းဆင်းကြည့်ရှု

ထန်းတပင်(ပဲခူး) ဇူလိုင် ၇

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ  မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိသည့် (Quarantine Centre) များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ထို့သို့ ကွင်းဆင်းရာတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုးငြိမ်း၊ မြို့နယ်စည်သာယာရေး အမှုဆောင်အရာရှိ ဦးစံသိန်းနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက  ကိုဗစ်- ၁၉ ရောဂါ  သံသယရှိသူများ  ထားရှိသည့်  အောင်သုခရပ်ကွက်  အေးသုခ ဓမ္မာရုံ၊ ဓမ္မရိပ်သာနှင့် သီရိဟေမာရပ်ကွက် ဘုံဆွမ်းခန်းမနေရာများသို့ သွားရောက်ပြီး နေရာအခက်အခဲ  ရှိ/မရှိ၊ ရေချိုခန်း၊ အိမ်သာ အဆင်ပြေခြင်းရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေး ထားရှိနိုင် မည့် အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းကို   ကြက်ခြေနီများ၊ Volunteer များဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။