နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင်းထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ ကျွဲ၊ နွားစာ များအနက် မိုးနှမ်း (၃၆၄၉.၅၀) ဧက အတွက် တောင်သူများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးလို၊ မိုးခေါင် မှုကြောင့် ပျက်စီးသွားသော မိုးနှမ်းအတွက် တစ်ဧကလျှင်(၅၀၀ဝိ/)နှုန်းဖြင့်ငွေကျပ်(၁၈၂၄၇၅၀ဝိ/)ကို ဆည်ကြီး ကျေးရွာ အုပ်စု၊ ပန်းညိုကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာအုပ်စု၊ ကျောက်တံခါးကျေးရွာအုပ်စု ၊ ဂွေးပင် ကျေးရွာ အုပ်စုရှိတောင်သူများ၏ သီးနှံပျက်စီးမှု ဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များက ကျေးရွာတောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)