တောင်ကုတ် မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန် စည်ပင်မီးပွိုင့်လမ်းဆုံ၌ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

တောင်ကုတ်   ဇူလိုင် ၇

 

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးကြိုတင် ကာကွယ်မှုအနေဖြင့် အပြင်ထွက် သည့်အခါတိုင်း နှာ ခေါင်းစည်း (Mask) များတပ်ဆင်အသုံးပြုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ် ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ် လမ်းညွှန်ဆောင်ရွက်မှုဖြင့် အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်း အဖွဲ့ဖြင့် အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ က စည်ပင်ရုံး လမ်းဆုံမီးပွိုင့်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ကုတ်မြို့နယ်အတွင်း မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့်မဖြစ် မဖြစ်မနေ အပြင်ထွက်ရပါက အပြင်ထွက်တဲ့ သူတိုင်းကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစည်း ကမ်းချက်များနှင့်အညီ  ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြုသွား လာကြရန်  အသိပညာပေး ဆောင်ရွက်ပြီးခရီးသွားပြည်သူများအားမြို့နယ် အဆင့်ဌာနဆိုင် ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (Mask)ခုရေ (၁၀၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)