နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၇၈) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ (၆) ရက်နေ့နံနက်က လာရောက်စစ်ဆေးသူ ( ၂၄ ) ဦးအနက် နတ်မောက်မြို့နယ် ဘူတာ(၁)ဦး ၊ ရန်အောင်မြင်(၁)ဦး ၊န/ကျားထူး(၁)ဦး၊ ဝင်ကိုက်(၁)ဦး ၊ကံကြီး(၁)ဦး ၊ အောင်ဆန်း(၄)ဦး ၊ မြို့မကွက်သစ်(၁)ဦး ၊ ပိတောက်ကုန်း(၁)ဦး ၊ ကျောက်ဆည်(၁)ဦး စုစုပေါင်း (၁၂)ဦးတွင်(Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာယနေ့အထိ (၇၈) ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉)ဦး ၊ ကျန်ရှိပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် (၂၇) ဦး ၊ Covid Centre (2)တွင်( ၄၂ )ဦး ထားရှိသွားမည် ဖြစ် ကြောင်းသိရသည်။
လှဝင်း( နတ်မောက်)