သတင်းများ

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပရိယတ္တိဓမ္မဗိမာန်တော် Isolation  Ward တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Jul 08,2021
မွန်ပြည်နယ်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ဇူလိုင်၇ရက်   မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊  လှိုင်ရပ်ကွက်ရှိ    ပရိယတ္တိဓမ္မဗိမာန်​တော်ကြီးတွင်ဖွင့်လှစ် ထားသည့် Isolation Ward တွင် ကိုဗစ်-၁၉ပိုး‌‌တွေ့အတည်ပြုလူနာများ ထားရှိမည့်အ​ခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
မိုးနဲမြို့ Quarantine Center ဝင်ရောက်နေသူများအား (RDT) Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ (positive) ပိုး အမျိုးသားတစ်ဦးတွင် တွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ၊စုစုပေါင်း ၈ ဦး တို့အား ယမန်နေ့ညနေပိုင်းအချိန်က (RDT) Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ပိုးတွေ့သူ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လည်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။
ကမ္ဘာ့အလယ်တွင် လက်ဆောင်ကောင်းတစ်ခု အဖြစ်လည်းကောင်း ပြယုဂ်တစ်ခု အဖြစ်လည်းကောင်း ထင်ကျန် နေအုံးမည့် မြန်မာ့သနပ်ခါး
Jul 08,2021
သနပ်ခါးကို ရှေးမြန်မာ ဘုရင်များ လက်ထက်က နန်းတွင်းသူ မိန်းမပျိုလေးများ လိမ်းကြံခြယ်သ အသုံးပြုကြသော ပစ္စည်းတစ်မျိုးဖြစ်သည်။ ယခုအခါ မြန်မာအမျိုးသမီး လေးများသည် တောရောမြို့ပါ သနပ်ခါးကို ခုံမင် နှစ်သက်စွာ လိမ်းကြံခြယ်သ အသုံးပြု လာကြသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင် ဝင်ရောက်စေကာမူ မြန်မာ့သနပ်ခါးကိုတော့ ကွယ်ပျောက်သွားအောင် စွမ်းဆောင်နိုင်အုံးမည် မဟုတ်ပေ။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ (၁၇) ဦးဆေးရုံဆင်း‌ ခွင့်ရရှိ
Jul 08,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၈ ရက်က ကျန်းမာရေးကောင်းမွန်သူ (၁၇) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအသိပညာ ပေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 08,2021
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့က  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၅၇) ဦး​ တွေ့ရှိ
Jul 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင်၊ ကိုဗစ်-၁၉ ရောဂါ၊ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ဇူလိုင်(၆)ရက် အထိ၊ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ (၅၇) ဦး​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ကျန်းမာရေးဦးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူသုံးဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။