မော်လမြိုင် ဇူလိုင် ၈
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင်၇ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင်ဖွင့်လှစ် ထားသည့် Isolation Ward တွင် ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာများ ထားရှိမည့်အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ကိုဗစ်-၁၉ရောဂါသည် လက်ရှိအနေအထားအရ ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီးဖြစ်သည့် အတွက်ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင် ဆောင်ရွက် နိုင်ရန်စပ်လျဉ်း၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာနန္ဒဝင်းက လူနာများထားရှိရန် ခုတင်(၁၂၅)ခု ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ပုဂ္ဂလိကဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်၊၊အလားတူမွန်ပြည်နယ်အတွင်းကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာထားရှိရန် မော်လမြိုင်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီး Isolation Ward-1 တွင် ခုတင်(၁၀၀) ၊ Isolation Ward-3 တွင်ခုတင်(၂၅၀)၊ မော်လမြိုင် တက္ကသိုလ်ထားဝယ်ဆောင် တွင်ခုတင်(၁၅၀)၊ ကော့ကရိတ်ဆောင် တွင်ခုတင်(၁၅၀)၊ဘားအံဆောင်တွင်ခုတင်(၁၂၀)နှင့် မော်လမြိုင်ဆောင်တွင်ခုတင် (၁၅၀)တို့ကိုကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မော်လမြိုင်