တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၅၇) ဦး​ တွေ့ရှိ

 

 တွံတေး ဇူလိုင်   ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင်၊ ကိုဗစ်-၁၉ ရောဂါ၊ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ဇူလိုင်(၆)ရက် အထိ၊ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ (၅၇) ဦး​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ကျန်းမာရေးဦးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြို့နယ်အတွင်းရှိ၊ ကိုဗစ်-၁၉ ရောဂါ၊ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ၊ စင်တာများတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်၊သက်ဆိုင်ရာ Isolation Work တွင်ထားရှိပြီး ၎င်းတို့၏ Contact Person တို့အား Home Quarantine  ထား၍ အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိသည်။

တွံတေးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ  ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။