ရေမြောင်းအရှည်များအား ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်
Jul 08,2021
ဒဂုံမြို့နယ် ဦးဝိစာရ ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် ယမန်နေ့နံနက်ပိုင်းက မိုင်ဒါကွင်း ထွက်ပေါက်မှ ဦးဝိစာရအိမ်ရာရှေ့ထိ အလျား (၁၃၀၀×၁.၆×၃) ပေ ရေမြောင်းအရှည်ကို ရေစီးရေလာ ကောင်းမွန်စေရေး အတွက် အနောက်ပိုင်း/ တောင်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဦးဖြိုးကျော်၏ စီစဉ်ကြီးကြပ်မှုဖြင့် အနောက်ပိုင်းခရိုင်ရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ် (၉) မြို့နယ်မှ ဒဂုံမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းတာဝန်ခံအဖွဲ့မှ မြောင်းရှင်းလုပ်သားများနှင့် ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်သည့်နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် လိုအပ်သည်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စများကို ဆက်လက်ဆောင်ရွက်နိုင်ရေး အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။