မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအသိပညာ ပေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းလုံ  ဇူလိုင်   ၈

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့က  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်း လိုက်လံနှိုး ဆော်ရာတွင် ပြည်သူများရောဂါပိုးကူးဆက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ကိုလိုက်နာကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူ များ အနေဖြင့် နေအိမ်အပြင်ထွက် တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ရပ်ကွက်အတွင်း အနံ့ပျောက်၊လည်ချောင်းနှာ၊ ဝမ်းလျှော၊ အသက်ရှုကြပ် သူများရှိပါက တိုက်နယ် ကျန်းမားရေးဌာနနှင့်မိမိတို့၏ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့်အကြောင်းကြားရန်၊ ပြည်ပပြန်များ၊  (Stay at Home) မြို့နယ်များမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပေးရန်၊  သုံးစွဲပြီး နှာခေါင်းစည်းများကိုစနစ်တကျစွန့်ပစ်ရန်၊ အခြားမြို့များသို့ ခရီးသွား ရာတွင် ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာများ ရယူရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မြန်မာနှင့်ရှမ်း ဘာသာစကား နှစ်မျိုးဖြင့် လိုက်လံ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်ထိ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာမရှိကြောင်းကို မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

   မိုင်းလုံ(ပြန်/ဆက်)