မင်းလှ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၈ ရက်က ကျန်းမာရေးကောင်းမွန်သူ (၁၇) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါ်က်တာလှဝင်းနှင့် တာဝန်ရှိသူများက အမှတ် (၇) ရပ်ကွက်၊ ပြည်တော်သာအိုးအိမ် ဝန်ထမ်းအိမ်ယာသစ်မှ ကျန်းမာရေးကောင်းမွန်သူ (၁၇) ဦးကို ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇) ရက် ကြာနေထိုင်ရန်နှင့် ကျန်းမားရေးအသိ ပညာပေးစကားများ ပြောကြားပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ယနေ့ထိကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း (၄၈၃) ဦးသူနက် ဆေးရုံဆင်းခွင့်ရသူ (၁၅၃) ဦးနှင့် သေဆုံးသူ (၁) ဦးရှိပြီး၊ ကျန်ရှိသော (၃၂၃) ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ