မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိ

မိုင်းယောင်း ဇူလိုင် ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူသုံးဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသော ဝမ်ကောင်းရွာမှ အမျိုးသမီးနှစ်ဦးနှင့် ဖကျောက်ရွာမှ အမျိုးသားတစ်ဦးတို့သည် Home Quarantine ထားရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စုစုပေါင်း ခြောက်ဦးရှိပြီး ၎င်းတို့အား မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ယာယီဆေးကုသဆောင်၌ ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေးအခြေအနေ ကောင်းမွန် နေလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း