မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းကိုင်   ဇူလိုင်   ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လည်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက ကိုဗစ်-၁၉ရောဂါ  တတိယလှိုင်း ဖြစ်ပွားမှု ၊ကူးစက်ပြန့် ပွားမှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်အတွင်း ရောဂါထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်  ဖြတ်သန်းသွားလာမည့် ယာဉ်များ၊ ရပ်ဝေးမှပြန်လာ မည့်သူများအား  စစ်ဆေး ကြပ်မတ်နိုင်ရန် မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များဖြင့် စနစ်တကျ တာဝန်ချထား စစ်ဆေးနိုင်ရေး၊ သတ်မှတ်ထားသော Quarantine Center များကို Community Based Facility Quarantine  Center  အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ထားရှိကာ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ် နိုင်စေရန်၊ Isolution Ward တွင် ဝင်ရောက်နေသော လူနာများအား ကိုယ်ခံအားပြည့်ဝကာ ပြန်လည်ကျန်းမာ လာစေရေးအတွက်  အစာအဟာရများ  ကျွေးမွေး၍ လိုအပ်သည့်  အသုံးအဆောင်များ  ဖြည့်ဆည်းပေးနိုင်ရန် ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်နိုင်ရန်တို့ကို ချပြဆွေးနွေး ခဲ့ရာ တက်ရောက်လာကြသော  မြို့မိမြို့ဖများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ လုပ်ငန်းများ လျင်မြန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး မတည်ရန်ပုံငွေအဖြစ် အလှူငွေများ အသီးသီး ထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)