အရာ​​တော်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀) ဦး ထပ်မံ​တွေ့ရှိ

အရာ​တော်   ဇူလိုင် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​တော်မြို့နယ်တွင် ယ​​နေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ အတည်ပြု လူနာနှင့် ထိစပ်ထားသူများနှင့် အနံ့မရရှိသူ(၄၀)တို့အား မြို့နယ် ပြည်သူ့​ဆေးရုံတွင်RDT(  Rapid Test Kit) ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာ​​ရေးဦးစီးဌာနက သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး​တွေ့လူနာများမှာ ​မှော်​တော​ကျေးရွာအုပ်စု၊ ရွာသာ​ကျေးရွာမှ (၁၃) ဦး၊ ​ရေယို​ကျေးရွာအုပ်စု၊ အောင်စန်း​ကျေးရွာမှ (၂ ) ဦး၊ ​ရေယို​ကျေးရွာအုပ်စု၊ အောင်ရိပ်သာ​ကျေးရွာမှ (၄) ဦး၊ ဝါးတန်း​​ကျေးရွာအုပ်စု၊ ဝါးတန်း​ကျေးရွာမှ (၁) ဦး၊ စုစုပေါင်း (၂၀) ဦး တွေ့ရှိကြောင်း သိရသည်။

 

အရာ​တော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ​မေလ ၂၇ ရက်​နေ့မှ ယ​နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး​တွေ့လူနာ( ၁၄၆ ) ဦး၊​ဆေးရုံဆင်းခွင့်ရရှိသူ (၆၅)ဦး၊​ သေဆုံးလူနာ ()ဦးရှိပြီး ကုသဆဲလူနာ( ၇၉ )ဦးရှိ​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်( ပြန်/ဆက်)