ကျိုက်မရော ဇူလိုင် ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသောအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်၁၀နာရီကကြံတောကျေးရွာ ဓမ္မာရုံ၌ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးပြည့်ဦးကိုကိုကသင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းအောင်လက်မှတ်များနှင့် ဆုရရှိသူများအားဆုများချီးမြှင့် ပေးခဲ့သည်။ အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကြံတောကျေးရွာ၊ ပေါလောကျေးရွာ၊ ရဲမွန်ကျေးရွာ၊ ကနာလိုကျေးရွာတို့မှ စက်ချုပ်ပညာရပ်ကို စိတ်ပါဝင်စားသူ သင်တန်းသူစုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စက်ချုပ်ပညာရပ်ဆိုင်ရာ အကျီချုပ်ပုံစံ အမျိုးမျိုးနှင့် ဒီဇိုင်းနာပညာရပ်များကို သင်တန်းနည်းပြဆရာမက စနစ်တကျသင်ကြားပေးခဲ့ပြီး သင်တန်း ကာလမှာ (၁) လကြာမြှင့်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးရုံးမှသိရသည်။
ချိုမြတ်မြတ်ထွေး