ဟိုပုံးမြို့နယ်၌ COVID-19 Positive လူနာတစ်ဦး တွေ့ရှိ

ဟိုပုံး ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇူလိုင်လ ၈ ရက်တွင် COVID-19 Positive လူနာတစ်ဦးတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

COVID-19 Positive လူနာ အမျိုးသမီးတစ်ဦးသည် ယနေ့ နံနက်၁၁နာရီက နေမကောင်းသဖြင့် ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါရှိ /မရှိ RDT-Test kit ဖြင့်စစ်ဆေးရာ Covid-19 Positive တွေ့ရှိခဲ့သည်။ အဆိုပါ Covid-19 Positive လူနာအား မြို့နယ်ပြည်သူ့ဆေးရုံ၏ Covid Isolation Ward တွင် သီးသန့်ကြပ်မတ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ Covid-19 Positive လူနာနှင့်ထိတွေ့ခဲ့သူများအား အသွားအလာကန့် သတ်စောင့်ကြည့်ရာနေရာများတွင် ကျန်းမာရေး စောင့်ရှောက် ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ အခြေခံ ပညာမူလတန်း အမှတ်(၃)ကျောင်းကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားချက်များနှင့်အညီ ကျောင်းဖွင့်လှစ်ခြင်းအား ၁၀ ရက်ကြာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)