မင်းပြား ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်စည်ပင်သာယာယာရေး မြို့မဈေးကြီး အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံ ခြုံရေး အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ နေ့လည် ၂ နာရီက အဆိုပါမြို့မဈေးကြီး၌ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့မဈေးကြီး မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေး အသိ ပညာပေး ဆောင်ရွက်ခြင်းအား မင်းပြားမြို့နယ်၏အချက် အချာနေရာဖြစ်သည့် အလယ်ပိုင်းရပ် ကွက်အ တွင်းရှိ မြို့မဈေးနှင့်ဈေးပတ်ဝန်းကျင်နေရာများ၌ မီးဘေးလုံခြုံရေးအတွက် ဈေးအတွင်း မီးသတ်ရေစုကန်၊ မီးသတ်လှေကား၊ အပေါ့စားမီးငြိမ်းသတ်စက်၊ မီးသတ်ဆေးဗူးများ လုံလောက် စွာကြိုတင်ဆောင်ရွက်ထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်းရှိ ဈေးရောင်းချကြသော ဈေးသည်များအနေဖြင့် လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ စွန့်ပစ်အမှိုက် သရိုက်များအား သတ်မှတ်အမှိုက်ပုံးများထဲသို့ စနစ်တကျစွန့်ပစ်ကြရန်၊ ဈေးဆိုင်များပိတ်သိမ်း ချိန်၌ မီးခလုတ်များအသေအချာပိတ်ကြရန်စသော မီးဘေးအန္တရာယ်ကြို တင်ကာကွယ် ရေးဆိုင် လိုက်နာရမည့်အချက်များအား ဈေးရောင်းချသူများသိရှိလိုက်နာ စေရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးလူမော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး တာဝန်ခံ၊ ဈေးကော်မတီဉက္ကဌနှင့် အဖွဲ့ဝင် များက မီးဘေးလုံခြုံရေးအတွက် အကြံပြုအသိပညာ ပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ခင်မောင်ထွန်း