မိုင်းခတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးကကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေမှုအခြေအနေများ၊ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့်ဌာနဆိုင်ရာများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ရောဂါအရေးပေါ်ဆက်သွယ်ဆောင်ရွက်ရန် CallCenterထားရှိရေး၊ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များထားရှိရေး၊ ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ Stay at Home သတ်မှတ် ထားသော မြို့နယ်များနှင့် ရောဂါဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ ဝင်ရောက်လာသူများ အား Quarantine ထားရှိရေးတို့ကို ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)