မိုင်းပျဉ်း ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ စစ်ဆေးတွေ့ရှိကြောင်းသိရသည်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၈နာရီက မန္တလေးမြို့မှ တာချီလိတ်မြို့သို့သွားသည့် (၆)ဘီးယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်နောက်လိုက် (၁)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ သည်။ထို့အပြင် ဇူလိုင် ၄ ရက်က ရွှေကျားဖြူမော်တော်ယာဉ်လိုင်းတွင် ကိုဗစ်အတည်ပြုလူနာနှင့် အတူ လိုက်ပါလာပြီး မိုင်းပျဉ်းမြို့ Community Based Facility Quarantine တွင်ထားရှိစောင့်ကြည့်သူ (၂)ဦးတို့အား ယနေ့ နံနက် ၉နာရီက RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၁)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါပိုးတွေ့ရှိသူ(၂)ဦးကို မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံသီးသန့်ဆောင်၌ ထားရှိပြီး (၆)ဘီး ယာဉ်မောင်းနှင်သူအားမိုင်းပျဉ်းမြို့ Community Based Facility Quarantine ၌ထားရှိကြောင်းသိရ သည်။ မိုင်းပျဉ်းမြို့၌ ဇွန်လ ၃၀ရက်နေ့မှ ဇူလိုင် ၈ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ (၇)ဦးရှိကြောင်း မြို့နယ် Coronavirus Disease 2019 (Covid-19) ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)