မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁) ဦး ထပ်မံတွေ့ရှိ

မိုင်းပန် ဇူလိုင် ၈

မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိစပ်ခဲ့သည့် သံသယရှိသူ (၈)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အနောက်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး (၁)ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူအားမြို့နယ် ပြည်သူ့ဆေးရုံရှိ lsolation Ward သို့ ပြောင်းရွှေ့ကုသပေးလျက်ရှိပြီး ကျန်(၇)ဦးအား Facility Quarantine ထားရှိကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်ခဲ့သူ (၃) ဦးအား Facility Quarantine ထားရှိပြီး RDT Test Kit ဖြင့် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မိုင်းပန်မြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ( ၁၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)