မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ(၁၄) ဦး ထပ်မံတွေ့ရှိ
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ ၊ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက် ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ(၄၆) ဦးတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ ( RDT Test Kit ) ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ခွဲ အချိန်တွင် (၁၃) ဦး ပိုးတွေ့ရှိခဲ့ ပြီး နှောကန်တိုက်နယ်ဆေးရုံမှ တစ်ဦး စုစုပေါင်း(၁၄)ဦး ထပ်မံပိုးတွေ့ရှိခဲ့ ကြောင်းသိရသည် ။