မလှိုင် ၊ ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ ၊ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက် ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ(၄၆) ဦးတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ ( RDT Test Kit ) ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ခွဲ အချိန်တွင် (၁၃) ဦး ပိုးတွေ့ရှိခဲ့ ပြီး နှောကန်တိုက်နယ်ဆေးရုံမှ တစ်ဦး စုစုပေါင်း(၁၄)ဦး ထပ်မံပိုးတွေ့ရှိခဲ့ ကြောင်းသိရသည် ။
ပိုးတွေ့လူနာ(၁၄ )ဦးမှာ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ ခေါင်းဆေးကန်ကျေးရွာမှ အသက် ၂၄ နှစ် အမျိုးသား တစ်ဦး ၊ အသက် ၃၂ နှစ် အမျိုးသားတစ်ဦး ၊အသက် ၃၇ နှစ် အမျိုးသားတစ်ဦး ၊ အသက် ၄၈နှစ် အမျိုးသားတစ်ဦး ၊ ၄၉ နှစ်ရှိ အမျိုးသားတစ်ဦး ၊ အသက် ၁၆ နှစ် အမျိုးသမီးတစ်ဦး၊ အသက် ၁၉ နှစ်ရှိ အမျိုးသမီးတစ်ဦး ၊ အသက်၂၂ နှစ် အမျိုးသမီးတစ်ဦး ၊ အသက် ၃၃ နှစ် အမျိုးသမီးတစ်ဦး ၊ အသက် ၃၆ နှစ် အမျိုးသမီးတစ်ဦး ၊ အသက် ၄၄ နှစ် အမျိုး သမီးတစ်ဦး ၊ အသက် ၄၆ နှစ်ရှိ အမျိုး သမီးတစ်ဦး ၊ မလှိုင်မြို့ အမှတ်(၂)ရပ်ကွက်မှ အသက်(၉)နှစ်ရှိ အမျိုးသမီးငယ် တစ်ဦး၊ နှောကန် ကျေးရွာမှ အသက်(၄ဝ)နှစ်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း(၁၄) ဦးဖြစ်သည် ။
=နှောကန်ကျေးရွာမှပိုးတွေ့လူနာသည် ဇူလိုင်လ ၇ ရက်နေ့တွင် မြဝတီမြို့မှ နှောကန်ကျေးရွာသို့ ပြန်လည်ရောက် ရှိလာပြီးဇူလိုင် ၈ ရက်နေ့တွင် ဖျားနာ လာသဖြင့် နှောကန်တိုက်နယ်ဆေးရုံ တွင် (RDT Test Kit ) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည် ။
ပိုးတွေလူနာ( ၁၄ ) ဦး အနက် (၁၃) ဦး အား မြို့နယ် ပြည်သူ့ဆေးရုံ သီးခြားဆောင်၌၎င်း၊ ကျန်တစ်ဦး ကို နှောကန်တိုက်နယ်ဆေးရုံတွင်၎င်း သီးခြားထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည်။ မလှိုင်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း(၄၀) ဦး ရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၉) ဦး၊ သေဆုံးလူနာ(၁)ဦး ရှိ၍ ဆေးရုံတွင် လက်ရှိတက် ရောက်ဆေးကုသမှုခံနေသူ(၃ဝ ) ဦးရှိကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)