ပေါက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အားကာမှူးရုံး/အိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီး

 ပေါက် ဇူလိုင် ၉

 

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ အောင်တံခွန်ရပ်ကွက် မြို့နယ်အားကစားကွင်းအနီးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး၊ အားကာမှူးရုံး/အိမ်ရာ RC ၁ထပ်၊ ၄ ခန်းတွဲ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

 

 ထိုသို့ တည်ဆောက်လျက်ရှိသော အားကာမှူးရုံး/အိမ်ရာမှာ အလျား၄၀ပေ၊ အနံ၃၄ပေ နှင့်အမြင့် ၁၂ပေဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၆ ဒသမ ၁၇၆ သန်းဖြင့် LKM Construction Co..Ltdမှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 အဆိုပါ ပေါက်မြို့ အားကာမှူးရုံး/အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းကိုစံချိန် စံညွှန်းများ နှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အရည်အသွေးစစ်ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ဆောက်လုပ်လျက်ရှိ ကြောင်း LKM Construction Co..Ltdမှ တာဝန်ခံအင်ဂျင်နီယာ ဦးချစ်မင်း ထံမှ သိရသည်။

 

ဉာဏ်တိုး​