ရခိုင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပ

စစ်တွေ  ဇူလိုင် ၉

 

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားမှုနှုန်းသည်  ယခုအခါတဖြည်းဖြည်း တိုးတက်မြင့်မားလာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင် သည့်အခါ ယခုထက်ကောင်အောင်မည်ကဲ့သို့ ပိုမိုလုပ်ဆောင်သင့်သည်ကို ဆွေးနွေးကြရန်၊ လုပ်ဆောင် ကြသည့်အခါတွင်လည်း အခက်အခဲများရှိကြသည်ကို မည်ကဲ့သို့ရှုထောင့်များက ဖြေရှင်းဆောင်ရွက် ကြမည်စသည့်ကိစ္စများကို ဆွေးနွေးရန် အရေးပေါ်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ယနေ့တွင် အခြေခံပညာကျောင်းများအား‌ ခေတ္တပိတ်ထားရပါကြောင်း၊ နောင်ဆိုရင် ဈေးများပိုက်သည်အထိ ဖြစ်လာခဲ့လျင် မည်သို့ဆောင်ရွက်သွားရမည်၊ ဈေးများ၊ ကျောင်းများပိုက်ရသော်လည်း အချိန်အနည်း ငယ်အတွင်း ပြန်လည်ဖွင့်နိုင်အောင် မည်ကဲ့သို့ ဆောင်ရွက်သွားရမည် စသည်တို့ကို ဆွေးနွေးသွား ရမည်ဖြစ်ကြောင်း၊ ကျောင်းများပိတ်ထားသည် ဆိုခြင်းမှာ ခေတ္တသာဖြစ်သည့်အတွက် ကလေးများ အတွက် နည်းနည်းထိခိုက်မှုရှိသော်လည်း ဈေးများ၊  မြို့အဝင်အထွက်များကို ပိတ်လိုက်ရသည်ရှိသော် ထိခိုက်နိုင်သည့် ကိစ္စများစွာရှိနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်တွင် လုပ်ဆောင်နေသူများအနေဖြင့် အားသာချက်၊ အားနည်းချက်များ ရှိနိုင်ပါကြောင်း၊ ထိုကိစ္စများကို ညှိနှိုင်းသုံးသပ်ပြီး ပိုမိုထိရောက်ကောင်းမွန်အောင် လုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း၊ မိမိသည် ဆရာဝန်တစ်ဦးအနေဖြင့် သုံးသပ်ကြည့်လျင် ကိုဗစ်-၁၉ ရောဂါသည် မိမိတို့မျှော်လင့်ထားသည့် ရောဂါပုံစံမျိုးမဟုတ်ဘဲ ယခင်တုန်းကမိမိတို့ သိထားသည်က  တုတ်ကွေးရောဂါတစ်ခုသည် တစ်ခါဖြစ်ပြီးလျင် တစ်နှစ်လုံးပြန်ပြီးမဖြစ်သည်ကို တွေ့ရပါကြောင်း၊ ယခုအခြေအနေက ရောဂါဖြစ်ပြီးသည့်သူများလည်း ပြန်လည်ကူးစက်လာသည်ကို တွေ့ရပါကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို ကျော်ဖြတ်နိုင်ရန်အတွက် ကော်မတီဝင်များအနေဖြင့် တွေ့ကြုံ ရသည့်အခက်အခဲများကို မည်ကဲ့သို့ကျော်ဖြတ်ဆောင်ရွက်သွားလျင် အောင်မြင်မည်၊ မည်ကဲ့သို့နည်း လမ်းများဖြင့် ဆောင်ရွက်လျင် ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ကို အကြံပြုဆွေးနွေးပေးကြ စေလို ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်အဆင့် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဒေသကိုယ်စားပြုသူ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ ရှိခဲ့မှုအခြေအနေ၊ ပြည်သူအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တတ်ဆင်သွားလာနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူများ၏ အခြေအနေ၊ ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ဖြန့်ဝေထားရှိမှုအခြေ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ သတင်းထုတ် ပြန်နိုင်ရေးဆောင်ရွက်နေမှု တို့ကို ဆွေနွေးတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက   ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း