သတင်းများ

ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယာယီပိတ်ထားလျက်ရှိ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်တွင် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးသော တောင်သူလယ်သမားများအတွက် ထောက်ပံ့ငွေများပေးအပ်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးသော တောင်သူ လယ်သမားများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
လားရှိုးမြို့ရှိCornerstone Resource (Myanmar)Ltdမှ ကိုဗစ်(၁၉)ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ လှူဒါန်း
Jul 09,2021
လားရှိုးမြို့၌ ကိုဗစ်(၁၉) အတည်ပြုလူနာများအားလားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသ ရေးအဆောင်များသာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့် ကုသရေးအဆောင်၊ ပညာရေးကောလိပ်စောင့်ကြည့် ကုသရေးအဆောင်များကိုထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သည့်သူများ စနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းများ ပြုလုပ်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ​ ​ ကျောက်ဖူးကျေးရွာ၌ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ အားစနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၇)ဦးထပ်မံတွေ့ရှိ
Jul 09,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် We Love Natogyi အဖွဲ့တို့ဦးဆောင်ပြီး ယနေ့နံနက်တွင် ဒုတိယ အကြိမ် (RDT ) ဖြင့် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်၌သိပ္ပံနည်းကျကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jul 09,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌သိပ္ပံနည်းကျကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကိုယနေ့နံနက်၉နာရီကဘဲရမ်းကျေးရွာရှိစိုက်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။