တောင်ငူ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရေးရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရုံးရှေ့၌ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီဝင်များ ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်း ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့အတွင်း လမ်းသွားလမ်းလာကြသူများအားနှာခေါင်းစည်းများ အခုရေ (၂၀၀) ခု နှင့် အဝတ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုများကို အပတ်စဉ်ရက်သတ္တပတ်များ၌ သောကြာနှင့် စနေနေ့များတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။