ပန်းတောင်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျောက်ဖူးကျေးရွာ၌ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ အားစနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျထားရှိရေးအတွက် ကျောက်ဖူးကျေးရွာဂိုထောင် အဆောင်အား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အိပ်ယာကုတင်များ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။