မုဒုံ ဇူလိုင် ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌သိပ္ပံနည်းကျကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကိုယနေ့နံနက်၉နာရီကဘဲရမ်းကျေးရွာရှိစိုက်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိကျေးရွာနေတောင်သူဦးကြီးများတို့ကတက်ရောက်၍ မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမျိုးစေ့ဌာနခွဲဗဟိုမျိုးသန့်ခြံဦးစီးမှူး ဦးဇော်လင်းကကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းပျိုးထောင်ထားရှိပုံ၊ ကောက်စိုက်စက်ဖြင့်မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော် ကသဘာဝခရုပိုးသတ်ဆေး (မယ်ဇယ်)အကြောင်း၊သဘာဝဆစ်ပိုးကာကွယ်ဆေး (တမာကြိတ်ဖတ်) အကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)အကြောင်းနှင့် အားသာချက်၊ အားနည်းချက် များတို့ကိုတောင်သူဦးကြီးများအားရှင်းလင်း ပြောကြားခဲ့ပြီးတောင်သူများမှသိရှိလို သည်များကို မေးမြန်း၍တာဝန်ရှိသူများတို့ကပြန်လည်ဖြေကြားခဲ့သည်။
မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်မြို့နယ် အတွင်းရှိဒေသခံတောင်သူများမိုးသီးနှံစိုက်ပျိုးရာ သီတွင်သီးနှံအထွက်နှုန်း တိုးပွားရေး အတွက်လိုအပ်သောစိုက်ပျိုးရေးနည်း စနစ်များ၊သွင်းအား စုပစ္စည်းများ ထောက်ပံ့ကူညီခြင်း၊ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေးဆောင်ရွက်ရန်နည်းလမ်းများ အသိပညာပေးခြင်း လုပ်ငန်းများကိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး၏အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများကနယ်မြေကွင်းဆင်းပြီးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မုဒုံမြို့နယ်တွင်၂၀၂၁ ၂၀၂၂ခုနှစ်၌မိုးစပါးမျိုးကောင်းမျိုး သန့်မျိုးစေ့ထုတ်စံပြစိုက်ကွက် ဧက(၂၀၀) စိုက်ပျိုးရန် လျာထား ပြီးမြို့နယ်အတွင်းရှိကွမ်တာကျေးရွာ၊ တော်ကူး၊တံခွန်တိုင်ကျေးရွာ၊ ဘဲရမ်းကျေးရွာ တို့တွင် အကျိုးဆောင်တောင်သူများပူးပူးပေါင်းပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်မျိုးသူ