နွားထိုးကြီး ဇူလိုင် ၉
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် We Love Natogyi အဖွဲ့တို့ဦးဆောင်ပြီး ယနေ့နံနက်တွင် ဒုတိယ အကြိမ် (RDT ) ဖြင့် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၇)ဦးမှာ အမှတ်(၂)ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ အမှတ်(၁) ရပ်ကွက်မှ ကလေးတစ်ဦး၊ အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ ထနောင်းပင်လဲ ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ သပြေသာကျေးရွာမှ အမျိုးသမီး(၃)ဦးတို့တွင် ရောဂါပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား H.Q ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်