ပင်လုံ ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေးအတွင်း လွိုင်လင်မြို့နယ် စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ပင်လုံမြို့ဈေးကော်မတီတို့ ပူးပေါင်း၍ လွိုင်လင်မြို့နယ် စည်ပင်သာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ခြင်း မရှိသည့် ပင်လုံမြို့ဈေးအတွင်းရှိ ဈေးရောင်းချသူများ၊ဈေးဝယ်သူများအား ယနေ့နံနက် ၈ နာရီခန့်က ကွင်းဆင်းစစ်ဆေး အရေးယူ မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လုံမြို့မဈေးအတွင်းဖွင့်လှစ်ရောင်းချခွင့်ပြုသောဆိုင်များ၊ ဈေးရောင်းချသူများ၊ ဈေးဝယ်သူ များအနက် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိသူ (၆၇)ဦးအား တစ်ဉီးလျှင် ဒဏ်ငွေ(၂၀၀) ကျပ် ဒဏ်ရိုက်ခဲ့ကြောင်း၊ အဆိုပါဒဏ်ငွေ (၁၃၄၀၀)ကျပ်အား လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်းသိရသည်။
ပင်လုံ(ပြန်/ဆက်)