ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုးကောင်း ဇူလိုင် ၁၀

 

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင် ဦးမျိုးဆွေနှင့်အတူ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီးမြို့များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၈ နာရီတွင် သွားရောက် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

 

ရှေးဦးစွာ မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ရန်ပုံငွေ ဖြင့်ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး၊ ရေနှုတ်မြောင်းများနှင့် ကျောက်စီရေထိန်းနံရံများ ဆောင်ရွက် ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့်မြို့နယ် အလိုက် စီမံကိန်းလုပ်ငန်းများကို ဘတ်ဂျက်ခွဲဝေလျာထား၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားမှုများပြားလာသဖြင့် မိမိတို့ မြို့နယ်အလိုက် ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးရေး၊ ပြည်သူများပူးပေါင်းပါဝင်ရေးတို့အတွက် အလေးထား တိုက်တွန်း နှိုးဆော်သွားရန်လိုကြောင်း၊ မိမိ တို့ကောင်စီအနေဖြင့် ကြားကာလ တာဝန်ယူ ဆောင်ရွက်ရသော်လည်း မြို့၊ ရွာများဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေးကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက် လျက်ရှိ ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရပ်ကွက်/ ကျေးရွာအုပ်စုများ အတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မိုးကောင်းမြို့၊အိုးတန်းရပ်ကွက် အတွင်းရှိ  ပြည်သူ့ဆေးရုံရှေ့ ရေနှုတ်မြောင်းနှင့် ဆေးရုံနောက်ကျောဘက်လမ်းခင်းပေးနိုင်ရေး၊ ကျွန်းတောတံတား၌ နန့်ရင်းချောင်းရေတိုက်စား မှုအခြေအနေနှင့် နတ်ကြီးကုန်းရပ်ကွက်အတွင်း ကမ်းပါးရေတိုက်စားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရပ်ကွက် အတွင်း ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် နန့်ရင်းချောင်းရေ တိုက်စားမှု အတွက်  စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ ဆောင်ရွက်သွားရေးမှာကြားသည်။

 

ထို့မှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုးကောင်းမြို့မှ နမ္မတီး မြို့သို့ သွား‌ရောက်ပြီး နမ္မတီးမြို့၌ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မနောဧကရီကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် မြို့တော်ခန်းမ တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ပြီးစီးရေး မှာကြားခဲ့ သည်။

 

 

ထို့နောက် နမ္မတီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရေး မှာကြား ခဲ့သည်။

 

ယင်းနောက် နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်အတွင်း အခြေခံပညာ အလယ်တန်းကျောင်း (စက်ဝင်း)သွားလမ်း ကွန်ကရစ်ခင်း ကျင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့မ ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းခင်း ကျင်းဆောင်ရွက်နေမှုနှင့် ရေနှုတ်မြောင်းများ ဆောင်ရွက် နေမှု၊ မြို့ဦးရပ်ကွက် အတွင်းရှိ ဒူဝါလမ်း အရှည်ပေ ၂၀၀၀ နှင့် ကျန်စစ်သားလမ်း အရှည် ၁၄၀၀ ပေအား ကွန်ကရစ် လမ်းခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက် ရေးတာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

 ပြည်နယ်(ပြန်/ဆက်)