ကျိုင်းတုံမြို့ နောင်ခမ်းကန် အဆင်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၁၀

 

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် Clean and Green City  ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံမြို့နောင်ခမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနနှင့် လွိုင်မွေဆောက်လုပ်ရေး ကုမ္ပဏီတို့မှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ခမ်းကန်ပတ်လမ်း အရှည် ၁၆၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကန်ပတ်လည်အား ကျောက်စီမြေကာနံရံပြုလုပ်ခြင်း၊ လမ်းမီးတိုင်များ ထွန်းခြင်း၊ လေယာဉ်ကွင်းလမ်းဘက်နှင့် နောင်ခမ်းလမ်းဘက်တို့တွင် အုတ်ခုံပါစတီး သံပန်းပြုလုပ်ခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ၊ တာဝန်ခံတို့ က ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါနောင်ခမ်းကန်သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် ဓာတ်ပုံ ရိုက်လေ့ရှိပြီး ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူ တည်ထားကာ မြို့ကျက်သရေ ဆောင် ကန်တစ်ကန်ဖြစ်ကြောင်းလည်း သိရသည်။

 

အောင်ဇင်မြင့်